Monday, September 30, 2013

Computer အား Mouse ဖြင့် Screen Lock ချနည်း

-
၁ - သင့်ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာ Right click ထောက်ပြီး Shortcut အသစ်ဖန်တီးလိုက်ပါ


၂ - သင်ဟာ စာရိုက်လို့ရတဲ့ နေရာလွတ်ကိုတွေ့ပါလိမ့်၊ နေရာအလွတ်လေးမှာ အောက်ကစာလေးကိုရိုက်လိုက်ပါ ၊ ရိုက်ပြီးရင် Next ကိုနှိပ်ပါ
--> rundll32 user32.dll,LockWorkStation <--


၃ - rundll32.exe ဆိုတဲ့ နေရာမှာ သင်ကြိုက်နှစ်သက်တဲ့ နာမည်ကိုရေးနိုင်ပါတယ်
(ဥပမာ၊ ၊ Lock.exe)  နာမည်ကိုရေးပြီးပြီ ဆိုရင်တော့ Finish ကိုနှိပ်လိုက်ပါ၊

Desktop ပေါ်မှာ ကိုယ်ဖန်တီးထားတဲ့ Shortcut.exe လေးတွေ့ပါလိမ့်မယ်၊(ကျွန်တော်ကတော့ နာမည် မပြောင်းထားသည့်အတွက် rundll32.exe ပါပဲ) အဲ့ဒီ shortcut လေးကို Mouse လေးနဲ့ Double Click နှိပ်လိုက်ပါက Screen Lock ကျသွားပါလိမ့်မယ်ဗျာ


အားလုံးပဲအဆင်ပြေကြပါစေဗျာ ၊

Windows ၏ Right Click Menu တွင် Copy To / Move To အားထည့်သွင်းခြင်း

-
(၁) - Click STARTàRUN (Windows Key + R)

(၂) - regedit လို့ရိုက်ပြီး enter ခေါက်ပါ

(၃) – Registry Editor ကျလာပါက [HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers] သို့သွားပါ


(၄) -  ContextMenuHandlers မှာ Right Click ထောက်ပြီး New à Key ကိုရွေးလိုက်ပါ


(၅) – (Default) value ပေါ်မှာ  ကလစ်နှစ်ချက် နှိပ်ပြီးတော့ ဒီစာ à {C2FBB630-2971-11D1-A18C-00C04FD75D13} ကိုထည့်လိုက်ပါ၊


(၆) – OK ကိုနှိပ်လိုက်ပါ၊ ဒါဆိုရင်တော့ Right Click Menu ပေါ်မှာ Copy To ထည့်ခြင်းပြီးဆုံးပါပြီ

(၇) – Right Click Menu ပေါ်မှာ Move To ကိုထည့်ချင်သေးတယ်ဆိုရင်တော့ အပေါ်က အဆင့်အတိုင်းပဲ လိုက်လုပ်ပြီး (Default) value နေရာမှာ ဒီစာ à {C2FBB631-2971-11D1-A18C-00C04FD75D13} ကိုထည့်လိုက်ပါ၊ ဒါဆိုရင်တော့ Right Click Menu ပေါ်မှာ Move To ထည့်ခြင်းပြီးဆုံးပါပြီဗျာ၊

(၈) - မည်သည့် Folder ပေါ်မဆို Right Click ထောက်ကြည့်ပါ Copy To / Move To ကိုတွေ့ရပါလိမ့်မယ်



ဒီနည်းလေးကတော့ Usb Stick ပေါ်မှ Data တွေကို Computer Hard Disk ပေါ်ရွေ့တဲ့ အခါ အသုံးဝင်ပါလိမ့်မယ်

အားလုံးပဲအဆင်ပြေကြပါစေဗျာ

Sunday, September 29, 2013

ဘာဆော့ဖ်ဝဲလ်မှ မသုံးဘဲ ကွန်ပျူတာပေါ်မှာ Website တွေကို ဘလော့လုပ်မယ်

-

ကျွန်တော် အခုရေးတဲ့ ပို့စ်ကတော့ မိဘတွေအတွက် တော်တော်အသုံးဝင်ပါလိမ့်မယ်၊ ကလေးတွေမကြည့်စေချင်တဲ့ site တွေကို ဆော့ဖ်ဝဲလ်မပါဘဲနဲ့ ရိုးရှင်းတဲ့နည်းလေးနဲ့ ဘလော့လုပ်လို့ရလို့ပါ၊အကြောင်းကြောင့် ၀က်ဘ်ဆိုဒ်ဘလော့လုပ်သည့် Software ဒေါင်းလော့ဘယ်လိုဆွဲရမလဲ မသိသူများ၊ Software ရှာမတွေ့သူများ ၊ မြန်မာ့ကွန်ကြောင့် Software ဒေါင်းရမှာကြောက်နေသူများ ဤနည်းလေးကိုအသုံးပြုပါလို့ ကျွန်တော်က ဒီနေရာကနေ အကြံပြုချင်ပါတယ်ဗျာ

ကဲရိုးရှင်းတဲ့နည်းလေးကတော့

• Run box ကိုဖွင့်လိုက်ပါ (Windows Key + R)

• (c:/windows/system32/drivers/etc/hosts )ß ဒီစာလေးကိုရိုက်ပြီး OK နှိပ်ပါ


• Open With မှာ Notepad ကိုရွေးပြီး OK နှိပ်ပါ



•  hosts ဆိုတဲ့ Notepad ပွင့်လာရင် [127.0.0.1 www.yoursitedomain.com] လို့ 127.0.0.1 local host ရဲ့ခေါင်းစဉ်အောက်မှာသွားရေးရမှာပါ ပြီးရင် Save လုပ်လိုက်ပါ ၊ Save ပြီးရင်တော့ ဘလော့လုပ်ခြင်းလုပ်ငန်းပြီးဆုံးပါပြီဗျာ


အားလုံးပဲအဆင်ပြေကြပါစေဗျာ

မှတ်ချက်။        ။ www.youtsitedomain.com ဆိုတဲ့နေရာမှာ သင် အလိုမရှိတဲ့ ဘလော့ချင်တဲ့ ၀က်ဘ်ဆိုဒ်ကို ရေးရမှာပါ၊ ဥပမာ - www.google.com

Google Search Engine ပေါ်မှာ အသဲပုံဆွဲမယ်

-
ကျွန်တော် အခုပြောမဲ့နည်းက လူတော်တော်များများသိမှာပါ၊ဒါပေမဲ့ မသိသေးသောသူများလဲ ရှိတဲ့အတွက် ကျွန်တော် ယခုပို့စ်ကိုတင်ရခြင်းဖြစ်ပါတယ်၊

ကဲသူငယ်ချင်းတို့လဲ ဂျီတော့ မှာကောင်လေးတွေ ကောင်မလေးတွေနဲ့ ကြူရင်း ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း Google ကြီးကိုကြားခံထားပြီးတော့ အသဲပုံလေးနဲ့ရင်ဖွင့်လိုက်ပေါ့ဗျာ၊ အသားမှမနာဘဲ JJJ


ပုံဆွဲနည်းလေးကတော့ www.google.com ကိုသွားပါ ၊ search box မှာ ဒီစာà (sqrt(cos(x))*cos(200*x)+sqrt(abs(x))-0.7)*(4-x*x)^0.1, sqrt(9-x^2),-sqrt(9-x^2) from -4.5 to 4.5 ကိုရိုက်ပြီး enterခေါက်လိုက်ပါ အသဲပုံလေးကျလာပါလိမ့်မယ်ဗျာ


ကဲဘယ်လောက်လွယ်လဲဆိုတာဘဲကြည့်တော့သူငယ်ချင်းတို့ရေ...

Windows Phone 7 (Omnia 7) အား ChevronWP7 Unlocker နှင့် Jailbreak (သို့) Unlock ပြုလုပ်ခြင်း

-

Marketplace developer account မရှိဘဲ WP7 device တွေမှာ အပြင်ကတခြား app တွေကို install လုပ်လို့မရပါဘူး၊ ဒါပေမဲ့ unlock(သို့) jailbreak လုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ဟာ Windows Phone 7 မှာရှိတဲ့ account မရှိဘဲ app install လုပ်လို့မရတဲ့  ပြဿနာကို ဖြေရှင်းနိုင်ပါပြီ

Unlocking လုပ်လိုက်တဲ့အတွက် သင့်ရဲ့ WP 7 Device မှာ Crack application(sideloading app) တွေကို ထည့်သွင်းနိုင်ပါတယ်။ I-Device တွေလိုပါပဲ iTune store ကမဟုတ်တဲ့ app တွေကိုသွင်းချင်ရင် jailbreak လုပ်ရတဲ့သဘောတရားနဲ့တူပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ Windows Marketplace မလိုအပ်ပဲ apps တွေကို သင့်ရဲ့ device ထဲသို့ ထည့်သွင်းနိုင်ပါတယ်

 NOTE: Unlocking Windows Phone 7 with ChevronWP7 may void the warranty, disable phone functionality, interrupt access to Windows Phone 7 services or render the phone permanently unusable. Proceed at your own risk only.

အဆင့် (၁) : Windows အတွက် နောက်ဆုံးဗားရှင်းဖြစ်တဲ့ Zune desktop software ကို ဒေါင်းလော့ လုပ်ပြီး အင်စတောလုပ်ပါ

အဆင့် (၂) : နောက်ဆုံးဗားရှင်းဖြစ်တဲ့ Windows Phone SDK (သို့) Registry key ကို ဒေါင်းလော့လုပ်ပြီး ကွန်ပျူတာအတွင်းသို့ထည့်သွင်းပါ။ register key ထည့်သွင်းမယ်ဆိုရင်တော့  အောက်ပါအတိုင်းပါ- [HKEY_LOCAL_MACHINE\SOFTWARE\Microsoft\WindowsPhone\ProxyPorts] “DeviceReg”=dword:000069C5


အဆင့် (၃) : Usb ကြိုးအသုံးပြု၍ သင့်ရဲ့ Windows Phone 7 အား ကွန်ပျူတာနှင့်ချိတ်ဆက်ပါ

အဆင့် (၄) : Zune software ကို ဖွင့်ပြီး သင့်ရဲ့ device ကို sync လုပ်လိုက်ပါ။

အဆင့် (၅) : ChevronWP7 (Windows Phone 7 Unlocker app) ကို Download လုပ်ပြီး run လိုက်ပါ 

အဆင့် (၆) : Unlocking မလုပ်မီ အချိန်လေးမှာဖုန်းကို Pin lock ၊ password lock မချမိပါစေနဲ့ lock  ဖြုတ်ထားလိုက်ပါ

အဆင့် (၇) : “Ensure your phone isn’t PIN-locked” နဲ့ “Install certificate on phone using  Internet Explorer at http://chevronwp7.com/cert” တို့ကို အမှန်ခြစ်ပေးပြီး Unlock  ဆိုတာလေးကိုနှိပ်လိုက်ပါ


အဆင့် (၈) : အခုသင့်ရဲ့ဖုန်းဟာ Unlocked ဖြစ်ပါပြီ။အခုတော့ Marketplace developer account မလိုအပ်ဘဲနဲ့ (sideload) ဘယ် third-party WP7 app ကိုမဆို အင်စတောလုပ်နိုင်ပါပြီ။


သင့်ရဲ့ Windows Phone 7 နဲ့ Computer ကို နောက်တစ်ခါပြန်ချိတ်ဆက်ပြီးတော့ ChevronWP7 app  နဲ့Relock ပြန်လုပ်နိုင်ပါတယ်။ Relock ပြန်လုပ်ခြင်းဟာ ဖုန်းကို မူလအခြေအနေသို့  ပြန်ရောက်အောင်လုပ်နိုင်ပါတယ်


အားလုံးအဆင်ပြေကြပါစေဗျာ

Google Chrome တွင်မြန်မာစာမြင်အောင်လုပ်နည်း

-
ဖူးစာရှင်လေးမှာ မေးထားတဲ့ သယ်ချင်းတွေရှိလို့တင်ပေးလိုက်ပါတယ်

(၁) ပထမဆုံး ညာဖက် အပေါ်ဆုံးထောင့်က အတုံးလေး(starဘေးနား)ကိုနှိပ်ပါ ပြီးရင် settings ကိုနှိပ်ပါ
(၂) Default browser အောက်ဆုံးမှာရှိတဲ့ Show advanced settings ကိုနှိပ်ပါ

(၃) Web content အောက်က font size နဲ့ medium ဘေးမှာရှိတဲ့ Customize fonts... ဆိုတာလေး
ကိုနှိပ်ပါ

(၄) အောက်ပါပုံအတိုင်း standard font,Serif font,Sans-serif font နဲ့ Fixed-width font မှာ Zawgyi-one ပြောင်းပါ
ပြီးရင် Done နှိပ်ပါ

(၅) ကဲအပေါ်ကပုံတွေအတိုင်းလုပ်ဆောင်ပြီးရင်တော့ အောက်ကပုံအတိုင်း google chrome browser မှာ မြန်မာစာတွေ့ရပါပြီ

အားလုံးအဆင်ပြေကြပါစေဗျာ။

Memory Card ထဲမှ App များအား Windows Phone 8 အတွင်းသို့ထည့်သွင်းခြင်း(သို့) Install လုပ်ခြင်း

-
လိုအပ်ချက်များ :
● SD Card အထောက်အပံ့ပေးသော Windows Phone 8 တစ်လုံး
● အင်တာနက်ချိတ်ထားသော Computer
● Memory Card

အဆင့်(၁) – ကွန်ပျူတာ ပေါ်မှ Windows Phone App Store(www.windowsphone.com) သို့သွားပြီး သင်ကြိုက်နှစ်သက်တဲ့ App ကိုရွေးပါ


အဆင့်(၂) - သင်ကြိုက်နှစ်သက်တဲ့ App ရဲ့ Website စာမျက်နှာရောက်ပြီဆိုရင် Mouse မှာရှိတဲ့ Scroll Down ကိုအောက်ဖက်သို့ ဆွဲချလိုက်ပါ၊ “Download and install manually” ကိုနှိပ်ပြီး ကွန်ပျူတာ အတွင်းသို့ Download ချလိုက်ပါ

အဆင့်(၃) - ရလာတဲ့ .Xap ဖိုင်ကို SD Card အတွင်းသို့ Save လုပ်လိုက်ပါ

အောက်ကပုံလေးကတော့ windowsphonestore ထဲကနေ အစကထဲကဒေါင်းလော့ဆွဲထားတဲ့ဂိမ်းပါ

အဆင့်(၄) -  SD Card ကို Windows Phone 8 အတွင်းသို့ထည့်ပြီး Phone ကို Restart ချလိုက်ပါ

အဆင့်(၅)  - Windows Phone 8 အတွင်းမှာရှိတဲ့ Store ထဲကိုသွားပါ SD Card ကိုနှိပ်ပါ

အဆင့်(၆) – SD Card အတွင်းထည့်သွင်းထားတဲ့ app တွေကိုမြင်ရပါလိမ့်မယ်၊select ပေးပြီး install လုပ်ရုံပါပဲ


အခုပြောပြထားတဲ့နည်းကတော့ Windows phone 7/7.7/7.8 တွေမှာမရပါဘူး။ Windows Phone 7 Versionတွေမှာက Market Developer Account ရှိမှ App တွေသွင်းလို့ရမှာပါ ၊ Market Developer Account မရှိပဲ ထည့်သွင်းချင်တယ်ဆိုရင်တော့ I-DeviceတွေလိုပဲWindows Phone 7ကို Jailbreak လုပ်ဖို့လိုပါတယ် ၊ Windows phone 7 jailbreak လုပ်နည်းနဲ့third party application install လုပ်နည်းကိုတော့ အချိန်ရရင် တင်ပေးပါ့မယ်



Gmail အား Online Hard Drive အဖြစ် အသုံးပြုခြင်း

-
Gmail accout အား storage အဖြစ် အသုံးပြုရန် ပြင်ဆင်ချက်များ

အဆင့်(၁):
သင့်မှာ အကောင့် မရှိဘူးဆိုလျှင် Gmail Website ကိုသွားပြီး Gmail အကောင့်သစ်တစ်ခုဖွင့်လိုက်ပါ၊

အဆင့်(၂):

သင်၏ gmail အကောင့်ထဲသို့ဝင်လိုက်ပါ၊ Create a filter ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ ၊ Subject ဆိုတဲ့နေရာမှာ GMAILFS လို့ရေးပြီး Next Step ကိုနှိပ်လိုက်ပါ ၊ Skip the Inbox (Archive it) ကို အမှန်ခြစ်ပေးလိုက်ပါ ၊ Create Filter ကိုနှိပ်လိုက်ပါ၊


အဆင့်(၃)

Gmail Drive Shell extension ကို ဒေါင်းလော့လုပ်ပါ (Download Link အား ပို့စ်အောက်တွင်ပေးထားသည်) ဒေါင်းပြီးရလာသော zip file ကို Extract လုပ်ပါ setup.exe ကို run ပြီး install လုပ်ပါ၊

အဆင့်(၄)

သင်ဟာ My computer ကိုသွားပြီးတော့ Gmail Drive ကိုဖွင့်လိုက်ပါ ၊ Username နဲ့ Password ဖြည့်ပြီးဝင်ရောက်နိုင်ပါပြီ၊


Gmail Drive ကို file တွေသိုလှောင်ဖို့အတွက်ဘယ်လို အသုံးပြုမလဲ

ကိုယ် သိမ်းချင်တဲ့ ဖိုင်တွေကို Copy လုပ် Gmail Drive ထဲသွားပြီး Paste လုပ်ပါ (သို့) ဖိုင်ပေါ်မှာ Right Click ထောက်ပြီး Send to မှာ Gmail Drive ကိုရွေးပါ၊MP3 တွေ Mp4 တွေ zip ဖိုင်တွေသိမ်းလို့ရပါတယ်၊
အောက်ကပုံက Gmail Drive မှာ သိမ်းချင်တဲ့ဖိုင်ကို Copy – Paste လုပ်လိုက်လို့ Posting ဆိုပြီး Gmail Drive ထဲမှာ ဖိုင်သိမ်းနေကြောင်း ပြတဲ့စာသားပါ

ကဲအားလုံးပဲလက်တွေ့လုပ်လိုက်ကြပါအုံးဗျာ။ယခု လောလောဆယ် Gmail က 15Gb တောင်ရှိတယ်ဆိုတော့ သိမ်းနိုင်သလောက်သိမ်းပေါ့ဗျာ