Sunday, September 29, 2013

Gmail အား Online Hard Drive အဖြစ် အသုံးပြုခြင်း

-
Gmail accout အား storage အဖြစ် အသုံးပြုရန် ပြင်ဆင်ချက်များ

အဆင့်(၁):
သင့်မှာ အကောင့် မရှိဘူးဆိုလျှင် Gmail Website ကိုသွားပြီး Gmail အကောင့်သစ်တစ်ခုဖွင့်လိုက်ပါ၊

အဆင့်(၂):

သင်၏ gmail အကောင့်ထဲသို့ဝင်လိုက်ပါ၊ Create a filter ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ ၊ Subject ဆိုတဲ့နေရာမှာ GMAILFS လို့ရေးပြီး Next Step ကိုနှိပ်လိုက်ပါ ၊ Skip the Inbox (Archive it) ကို အမှန်ခြစ်ပေးလိုက်ပါ ၊ Create Filter ကိုနှိပ်လိုက်ပါ၊


အဆင့်(၃)

Gmail Drive Shell extension ကို ဒေါင်းလော့လုပ်ပါ (Download Link အား ပို့စ်အောက်တွင်ပေးထားသည်) ဒေါင်းပြီးရလာသော zip file ကို Extract လုပ်ပါ setup.exe ကို run ပြီး install လုပ်ပါ၊

အဆင့်(၄)

သင်ဟာ My computer ကိုသွားပြီးတော့ Gmail Drive ကိုဖွင့်လိုက်ပါ ၊ Username နဲ့ Password ဖြည့်ပြီးဝင်ရောက်နိုင်ပါပြီ၊


Gmail Drive ကို file တွေသိုလှောင်ဖို့အတွက်ဘယ်လို အသုံးပြုမလဲ

ကိုယ် သိမ်းချင်တဲ့ ဖိုင်တွေကို Copy လုပ် Gmail Drive ထဲသွားပြီး Paste လုပ်ပါ (သို့) ဖိုင်ပေါ်မှာ Right Click ထောက်ပြီး Send to မှာ Gmail Drive ကိုရွေးပါ၊MP3 တွေ Mp4 တွေ zip ဖိုင်တွေသိမ်းလို့ရပါတယ်၊
အောက်ကပုံက Gmail Drive မှာ သိမ်းချင်တဲ့ဖိုင်ကို Copy – Paste လုပ်လိုက်လို့ Posting ဆိုပြီး Gmail Drive ထဲမှာ ဖိုင်သိမ်းနေကြောင်း ပြတဲ့စာသားပါ

ကဲအားလုံးပဲလက်တွေ့လုပ်လိုက်ကြပါအုံးဗျာ။ယခု လောလောဆယ် Gmail က 15Gb တောင်ရှိတယ်ဆိုတော့ သိမ်းနိုင်သလောက်သိမ်းပေါ့ဗျာ




No comments:

Post a Comment